Delicious Mp3 Code
ကိုယ့်ရဲ့ ၀က်ပေ့ခ်ျထဲမှာ အမ်ပီသရီး နားထောင်ဖို့ပဲ မျှဝေပေးဖို့ပဲဖြစ်ဖြစ် သုံးတဲ့ ကုဒ်လေးပါ။ ရိုးရှင်းပြီး လုပ်ရတာလဲလွယ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူက အမ်ပီသရီးတွေအတွက်ပဲ အလုပ်လုပ်ပါတယ်။ တခြား ဖော့မတ်တွေဆိုရင်တော့ ဆောရီးပါ။ ဒီကုဒ်လေးကို ၀က်ပေ့ခ်ျရဲ့ header ထဲမှာ ထည့်လိုက်ရုံပါပဲ။
<script type="text/javascript" src="http://del.icio.us/js/playtagger"> </script>ကိုယ့်သီချင်းကိုတော့ Direct File Link ပေးတဲ့ upload site တစ်ခုခု [eg. www.fileden.com, www.ripway.com, www.googlepages.com]မှာ တင်ပြီးတော့ လိုချင်တဲ့နေရာမှာ အဲဒီသီချင်းရဲ့ URL ကို ထည့်ပေးလိုက်ရုံပါပဲ။ ဥပမာ ...
<ahref="http://www.fileden.com/files/2006/7/20/138259/
ThitSarShiKyay_MKM.mp3">Thit Sar Shi Kyay</a>
ဒါဆိုရင် Thit Sar Shi Kyay လို့ ပေါ်လာမှာပါ။ listen ဆိုတဲ့ button လေးကို နှိပ်ပြီး တိုက်ရိုက်နားထောင်ရင်လည်း ရသလို ဘေးက စာသာလေးကို နှိပ်လိုက်ရင်လည်း သီချင်းကို download လုပ်လို့ရပါတယ်။ တစ်ခုကောင်းတာက ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ တွေ့ရင် tag this နဲ့ del.icio.us မှာ မှတ်ထားလို့ ရတာပါပဲ။ စမ်းကြည့်သမျှတော့ သီချင်းအားလုံးကို ကောင်းကောင်းမွန်မွန် အထစ်အငေါ့မရှိ နားထောင်နိုင်တာတွေ့ရပါတယ်။

Post a Comment